အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ MMတနင်္လာနေ့တိုင်းထုတ်လွှင့်လျှက်ရှိသည့် ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် အထူးဆုတောင်းချက်မျ
ဆုတောင်းခြင်းအစီအစဉ်များအကြောင်း
Overview
အောက်ပါမှတ်ချက်များတွင် သင်၏ဆုတောင်းချက်ကို ရေးရန် တိုက်တွန်းအပ်ပါသည်။
၁။ ကောင်းသောမြေ- ဗုဒ္ဓဘာသာကမ္ဘာတစ်ဝှမ်းရှိ မြို့ရွာများသည် ဧဝံဂေလိတရားအတွက် ကောင်းသောမြေဖြစ်ရန်၊ ယေရှု၏တရားဒေသနာတော်ကိုခံယူရန်နှင့် ရေရှည်တည်တံ့သောအသီးအပွင့်များရရှိရန် ဆုတောင်းပါ။ (ယေဇကျေလ ၁၇:၈)
၂။ ဝိညာဉ်တော်ဦးဆောင်ခြင်းကိုဝန်ခံသော ဟောပြောမည့်သူများ- ပြည်တွင်းရှိ ယုံကြည်သူများနှင့် နိုင်ငံခြားသာသနာပြုများအတွက် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် မှန်ကန်သောနေရာများနှင့် လူများဆီသို့၊ ဘုရားသခင်၏နည်းလမ်းအတိုင်း ဧဝံဂေလိတရားကို ကြေငြာရန် ဆုတောင်းပါ။ (တမန်တော် ၁၆:၆-၁၀)
၃။ အဆင်သင့်ရှိသောနှလုံးသားများ- ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပွင့်ပွင့်လင်းလင်း၊ လိုလားသော နှလုံးသားများဖြင့် လက်ခံကြရန် ပထမဆုံးအကြိမ် ဧဝံဂေလိတရားကို ကြားနာမည့်သူများ အတွက် ဆုတောင်းပါ။ (လု ၈:၁၅)
😎 သင်နှစ်သက်သော Podcasting application (အသံဖိုင်နားထောင်သည့် အပ်ပလီကေးရှင်း) ဖြင့် နားထောင်ရန် စာရင်းသွင်းပါ။
ပလက်ဖောင်းများသို့ သွားရောက်ပြီးစာရင်းသွင်းရန် မိမိသွားရောက်လိုသော ပလက်ဖောင်းကို နှိပ်ပါ။ သို့မဟုတ် ဤနေရာတွင် ဆက်လက်နားထောင်နိုင်ပါသည်။