အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ MMတနင်္လာနေ့တိုင်းထုတ်လွှင့်လျှက်ရှိသည့် ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် အထူးဆုတောင်းချက်မျ
ဆုတောင်းခြင်းအစီအစဉ်များအကြောင်း
Overview
အောက်တွင် သင့်ဆုတောင်းချက်များရေးသားရန် တိုက်တွန်းအပ်ပါသည်။
၁။ဧဝံဂေလိတရားကိုမျှဝေရန်တက္ကသိုလ်ကျောင်းဝင်းများတွင်လူများကိုရှာဖွေရန်- ဘုရားသခင်သည် ယုံကြည်သူများအား သတင်းကောင်းကိုကြားနာရန်အသင့်ရှိသော ကျောင်းသားများထံသို့ ပို့ဆောင်ပေးရန်၊ ကိုယ်တော် စေလွှတ်သည့်နေရာတိုင်းတွင် သစ္စာရှိရှိ တပည့်တော်ဖြစ်စေမည်အကြောင်း ဆုတောင်းပါ။ မဿဲ ၂၈:၁၉-၂၀
၂။ယေရှုကိုမသိသောလူများနှင့်ဆက်ဆံရေးတည်ဆောက်ရန်- ယုံကြည်သူများသည် ဘုရားသခင်နှင့် ဝေးကွာသူများအတွက် ငိုကြွေးတတ်ဖို့၊ ယေရှု၏ နှလုံးသားကို ရောင်ပြန်စေဖို့၊ ဗုဒ္ဓဘာသာဝင်များနှင့် ရင်းနှီးသောဆက်ဆံရေးများ တည်ဆောက်တတ်ကြဖို့ ဆုတောင်းပါ။ လုကာ ၁၅
၃။အနာဂတ်ခေါင်းဆောင်များ / ဩဇာလွှမ်းမိုးမှုရှိသူများကိုရှာဖွေရန်- ပေါလုသည် ဧဝံဂေလိတရားကို အုပ်ချုပ်ရေးမှူးများနှင့် ရှင်ဘုရင်များထံ ဝေမျှခဲ့သကဲ့သို့ ယုံကြည်သူများသည် ၎င်းတို့၏ကျောင်းဝင်းများတွင် ဩဇာရှိသော ကျောင်းသားများနှင့် ခေါင်းဆောင်များထံ ဧဝံဂေလိတရားကို ဝေမျှနိုင်ရန် ဘုရားသခင်သည် တံခါးများဖွင့်ပေးဖို့ ဆုတောင်းပါ။ တမန်တော်ဝတ္ထု ၂၄-၂၆၊ အုပ်ချုပ်ရေးမှူးများဖြစ်သော ဖေလဇ်၊ ဩဂုတ္တုနှင့် အဂြိပ္ပ)
ပလက်ဖောင်းများသို့ သွားရောက်ပြီးစာရင်းသွင်းရန် မိမိသွားရောက်လိုသော ပလက်ဖောင်းကို နှိပ်ပါ။ သို့မဟုတ် ဤနေရာတွင် ဆက်လက်နားထောင်နိုင်ပါသည်။