အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ MMတနင်္လာနေ့တိုင်းထုတ်လွှင့်လျှက်ရှိသည့် ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် အထူးဆုတောင်းချက်မျ
ဆုတောင်းခြင်းအစီအစဉ်များအကြောင်း
Overview
အောက်တွင် သင့်ဆုတောင်းချက်များရေးသားရန် တိုက်တွန်းအပ်ပါသည်။
၁) မယုံကြည်သူကျောင်းသားများ- ခရစ်ယာန်ကျောင်းသားများ၊ ဘုရားကျောင်းများနှင့် ကျောင်းတွင်းသာသနာများသည် မယုံကြည်သူတိုင်းနိုင်ငံများရှိ နိုင်ငံတကာကျောင်းသားများကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး သခင်ယေရှု၏မေတ္တာကို မျှဝေကြရန် ဆုတောင်းပါ။ (ဝတ်ပြုရာ ၁၉:၃၄။)
၂) ယုံကြည်သူများသည်ကြောက်ရွံ့ခြင်းကိုအနိုင်ယူရန်- တက္ကသိုလ်ကျောင်းဝင်းများရှိ ခရစ်တော်၏နောက်လိုက်များသည် ခရစ်တော်အကြောင်း ရဲစွမ်းသတ္တိရှိရှိ ပြောဆိုကြရန် ဆုတောင်းပါ။ တမန်တော်များသည် ရဲရင့်စွာဟောပြောရန် ဆုတောင်းသကဲ့သို့ (တ ၄း၂၉-၃၀)၊
၃) ခရစ်ယာန်များသတိထားတတ်ခြင်း- ယုံကြည်သူများသည် ဧဝံဂေလိတရားကို အမှန်တကယ် မကြားခဲ့ဖူးသော ကျောင်းသားများစွာကို အသိအမှတ်ပြုပြီး ဉာဏ်ပညာနှင့် ကျေးဇူးတရားဖြင့် စကားပြောဆိုတတ်ကြစေရန် ဆုတောင်းပါ။ (ကောလောသဲ ၄:၅-၆။)
ပလက်ဖောင်းများသို့ သွားရောက်ပြီးစာရင်းသွင်းရန် မိမိသွားရောက်လိုသော ပလက်ဖောင်းကို နှိပ်ပါ။ သို့မဟုတ် ဤနေရာတွင် ဆက်လက်နားထောင်နိုင်ပါသည်။