အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ MMတနင်္လာနေ့တိုင်းထုတ်လွှင့်လျှက်ရှိသည့် ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် အထူးဆုတောင်းချက်မျ
ဆုတောင်းခြင်းအစီအစဉ်များအကြောင်း
Overview
အောက်ပါမှတ်ချက်များတွင် သင်၏ဆုတောင်းချက်ကို ရေးရန် တိုက်တွန်းအပ်ပါသည်။
၁။ရိတ်သိမ်းခြင်းနှင့်ဟောပြောလုပ်ဆောင်မည့်သူများ- ဘုရားသခင်သည် သင်းအုပ်ဆရာများ၊ လူငယ်များနှင့် ယုံကြည်သူများ၏ နှလုံးသားထဲတွင် မယုံကြည်သူတိုင်းနိုင်ငံများအပေါ် နက်ရှိုင်းသောမေတ္တာကို နှိုးဆွပေးမည်အကြောင်း ဆုတောင်းပါ။ လူများစွာသည် ကိုယ်တော်၏ခေါ်ခြင်းကို တုံ့ပြန်ကြမည်အကြောင်း ဆုတောင်းပါ (မဿဲ ၉:၃၇-၃၈)။
၂။ဘုရားသခင်ခန့်အပ်ထားသောအမှုများ- ဘုရားသခင်သည် မှန်ကန်သောလူများကို မှန်ကန်သောနေရာများသို့ တိကျသောအချိန်တွင် ခေါ်ဆောင်ခြင်းအမှုများအတွက် ဆုတောင်းပါ (သုတ္တံ ၁၆:၉)။
၃။အလိုတော်ဝန်ခံရဲသောသတ္တိ- ဘုရားသခင်ခေါ်ခြင်းခံရသူများသည် ထိုခေါ်ခြင်းကိုတုံ့ပြန်ရန် ငြိမ်းသက်ခြင်းနှင့် ခွန်အားရှိမည်အကြောင်း ဆုတောင်းပါ၊ ကြောက်ရွံ့ခြင်း သို့မဟုတ် မသေချာမရေရာမှုများကြောင့် နောက်ပြန်မဆုတ်ကြမည်အကြောင်း ဆုတောင်းပါ (ဟေရှာယ ၆:၈)။
😎 သင်နှစ်သက်သော Podcasting application (အသံဖိုင်နားထောင်သည့် အပ်ပလီကေးရှင်း) ဖြင့် နားထောင်ရန် စာရင်းသွင်းပါ။
ပလက်ဖောင်းများသို့ သွားရောက်ပြီးစာရင်းသွင်းရန် မိမိသွားရောက်လိုသော ပလက်ဖောင်းကို နှိပ်ပါ။ သို့မဟုတ် ဤနေရာတွင် ဆက်လက်နားထောင်နိုင်ပါသည်။