အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ MMတနင်္လာနေ့တိုင်းထုတ်လွှင့်လျှက်ရှိသည့် ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် အထူးဆုတောင်းချက်မျ
ဆုတောင်းခြင်းအစီအစဉ်များအကြောင်း
Overview
အောက်တွင် သင့်ဆုတောင်းချက်များရေးသားရန် တိုက်တွန်းအပ်ပါသည်။
၁။ဗုဒ္ဓဘာသာတိုင်းနိုင်ငံများရှိတက္ကသိုလ်ကျောင်းဝင်းများတွင်မယုံကြည်သူများကိုရှာဖွေနေသောခရစ်ယာန်လူငယ်များ- ယုံကြည်သူများသည် ယေရှုကိ မသိသော ကျောင်းသားများကို တက်ကြွစွာရှာဖွေပြီး ပျောက်သောသိုးများကိုလိုက်ရှာဖွေသည့် ကိုယ်တော်၏ ပုံသက်သေအတိုင်း လုပ်ဆောင်ရန် ဆုတောင်းပါ။ (လုကာ ၁၉:၁၀)
၂။ဧဝံဂေလိတရားကိုဟောပြောရန်ရဲရင့်ခြင်း- ခရစ်ယာန်ကျောင်းသားများ၊ ကျောင်းဝင်းဝန်ထမ်းများနှင့် ဒေသခံယုံကြည်သူများသည် ဧဝံဂေလိတရားသည် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ တန်ခိုးဖြစ်ကြောင်း သိရှိကာ ယေရှု၏ သတင်းကောင်းကို ရဲရင့်စွာ မျှဝေကြရန် ဆုတောင်းပါ။ (ရောမ ၁:၁၆)
၃။ဘုရားသခင်လမ်းဖွင့်ပေးသောအဆက်အသွယ်များ- ဘုရားသခင်သည် ကျမ်းစာကိုဖတ်ရှုပြီး ယေရှုအကြောင်းကြားနာရန် အသင့်ရှိနေသော အီသီယိုးပီးယားအမတ်ထံသို့ ဖိလိပ္ပုကို စေလွှတ်သကဲ့သို့ အမှန်တရားကို ရှာဖွေနေသော ကျောင်းသားများထံသို့ ယုံကြည်သူများကို ပို့ဆောင်ပေးရန် ဆုတောင်းပါ။ (တမန်တော်ဝတ္ထု ၈:၂၆-၃၉)
😎 သင်နှစ်သက်သော Podcasting application (အသံဖိုင်နားထောင်သည့် အပ်ပလီကေးရှင်း) ဖြင့် နားထောင်ရန် စာရင်းသွင်းပါ။
ပလက်ဖောင်းများသို့ သွားရောက်ပြီးစာရင်းသွင်းရန် မိမိသွားရောက်လိုသော ပလက်ဖောင်းကို နှိပ်ပါ။ သို့မဟုတ် ဤနေရာတွင် ဆက်လက်နားထောင်နိုင်ပါသည်။