အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ MMတနင်္လာနေ့တိုင်းထုတ်လွှင့်လျှက်ရှိသည့် ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် အထူးဆုတောင်းချက်မျ
ဆုတောင်းခြင်းအစီအစဉ်များအကြောင်း
Overview
အောက်တွင် သင့်ဆုတောင်းချက်များရေးသားရန် တိုက်တွန်းအပ်ပါသည်။
၁။ မယုံကြည်သူများ၏ဘဝထဲရှိ ရန်သူစာတန်၏အလုပ်လုပ်ခြင်းကို ကျော်လွှားအောင်မြင်ရန်- ယေရှုကိုသိခြင်းဉာဏ်ပညာမှ လူများကို ဆီးတားနေတဲ့ အဆီးအတားအားလုံးကို ဖယ်ရှားပေးရန် ဆုတောင်းပါ။ (၂ ကော ၄:၄)
၂။ ဝိညာဉ်တိုက်ပွဲဝင်ခြင်းကို ဘယ်တော့မှ လက်မလျှော့ရန်- ယုံကြည်သူများသည် မယုံကြည်သူများအတွက် ဆုတောင်းခြင်း၊ သာသနာပြုခြင်းမှာ ဘယ်တော့မှ လက်မလျှော့ဖို့ ဆုတောင်းပါ။ (၂ ကောရိန္သု ၁၀:၃-၅)
၃။ သူတို့အပေါ် ထားသော ကျွန်ုပ်တို့၏ နှလုံးသားကြောင့် မေတ္တာ ဂရုဏာကို မြင်တွေ့ခံစားလာရစေရန်- ယုံကြည်သူများရဲ့ သစ္စာရှိစွာ ပေးဆပ်ခြင်းကိုမြင်ပြီး မယုံကြည်သူများဟာ ခရစ်တော်ရဲ့မေတ္တာကို ခံစားလာရစေရန် ဆုတောင်းပါ။ (သုတ္တံ ၁၈:၂၄)
ပလက်ဖောင်းများသို့ သွားရောက်ပြီးစာရင်းသွင်းရန် မိမိသွားရောက်လိုသော ပလက်ဖောင်းကို နှိပ်ပါ။ သို့မဟုတ် ဤနေရာတွင် ဆက်လက်နားထောင်နိုင်ပါသည်။